Main menu

စားသုံးသူရေးရာကော်မတီ အစည်းအဝေး(၁/၂၀၂၄)ကျင်းပခြင်း

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ အစည်းအဝေး( ၄/၂၀၂၃ )ကို (၅.၃.၂၀၂၄)ရက်နေ့၊နံနက် (၁၀:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ စီးပွားရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

   တနင်္သာရီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာကော်မတီ(၁/၂၀၂၄)အစည်းအဝေး၌ ကော်မတီ ဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး မှ အဖွင့်မှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီး ဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ (၄/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များအား ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် အမှာစာများ၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပခြင်း ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ စျေးကွက်စောင့်ကြည့်စစ်ဆေး‌ခြင်းများ ၊ ကုန်အညွှန်းအမှတ်အသားများ လျှောက်ထားလာမှုများအား စိစစ်တင်ပြအတည်ပြုပေးခဲ့ခြင်းများ၊ စားသုံးသူတိုင်ကြားမှုအား လက်ခံဖြေရှင်းဆောင်ရွက်ခဲ့မှုများ၊ ဖြေရှင်းဆောင်ရွက်ဆဲအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများဖြင့် ဆွေးနွေးတင်ပြခဲ့သည်။

    အဆိုပါအစည်းအဝေးတွင် ကော်မတီအဖွဲ့ဝင်များက အကြံပြုချက်များတင်ပြခြင်း၊ ရှေ့ဆက်လက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင်လည်း အဖွဲ့ဝင်များအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)