Main menu

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် Online Learning စနစ်ဖြင့် စစ်ဆေးရေးအရာရှိသင်တန်းတက်ရောက်ခဲ့

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ရုံးအမှတ် - ၅၂တွင် စစ်ဆေးရးအရာရှိသင်တန်းကို ပြည်နယ်နှင့်တိုင်းဒေသကြီး ( ၁၅ ) ခုရှိ (ဒုတိယဦးစီးမှူး) အောက်မနိမ့်သူ ဝန်ထမ်းစုစုပေါင်း (၁၈၅) ဦးအား စစ်ဆေးရေးကျွမ်းကျင်မှုဆိုင်ရာ အရာရှိသင်တန်း (၁/၂၀၂၄)ကို (၂၁-၂-၂၀၂၄) ရက်နေ့မှ (၂၃-၂-၂၀၂၄) ရက်နေ့အထိ သင်တန်းတို(၃)ရက်ကြာ Online (Zoom platform) မှတစ်ဆင့် သင်ကြားပေးခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါသင်တန်းတွင် စစ်ဆေးရေးမှူးများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ မဖြစ်မနေလိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို ဌာနတွင်းရှိ သက်ဆိုင်ရာ ဘာသာရပ်တာဝန်ခံဆရာ၊ ဆရာမများကလည်းကောင်း၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် မူပိုင်ခွင့်ဦးစီးဌာနတို့၏ မဖြစ်မနေသိရှိထားရမည့် လုပ်ထုံးလုပ်နည်းနှင့်  အချက်အလက်များကို သက်ဆိုင်ရာဘာသာရပ်တာဝန်ခံဆရာ၊ ဆရာမများကလည်းကောင်း သင်ကြားပို့ချပေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဆွေဆွေမွန် (ဦးစီးမှူး)၊ ဒေါ်လဲ့လဲ့ဌေး(ဒုတိယဦးစီးမှူး)၊ ဒေါ်သီရီဝင်း(ဒု-ကြီးကြပ်ရေးမူး)နှင့် ဦးသိန်းထွန်း (ဌာနခွဲစာရေး)တို့တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)