Main menu

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးနိုင်မှုအခြေအနေ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်မှ (၂၁-၄-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနများဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ဖြင့် သွားရောက်စစ်ဆေးရန် အဖွဲ့ဝင်အဖြစ် လိုက်ပါဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ်၊ ပန်းလှိုင်လမ်း၊ အမှတ်(၁၆၉) ရှိ Cherry Mart Bkk Snack 2 တွင်ရောင်းချနေသော Oishi Black Lemon Tea အချိုရည်တစ်မျိုးတွင် တင်သွင်းခွင့် (IR) မပါရှိသဖြင့် တွေ့ရှိခဲ့သောအချိုရည်(၁၂) ဘူးအား FDA မှ သိမ်းဆည်းဖျက်ဆီးခဲ့ပြီး နောက်နောင်ရောင်းချခြင်းမရှိရန် ခံဝန်ကတိလက်မှတ်ရေးထိုးစေခဲ့ပါသည်။ ထို့နောက် ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ်(ဂမုန်းပွင့်)၊ အမှတ်(၄၅၉/စီ)၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဆရာစံရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ကမာရွတ်ခရိုင်နှင့် အမှတ် (၄၂)၊ ပါရမီလမ်း၊ ၁၆ ရပ်ကွက်၊ စိန်ဂေဟာရှေ့နှင့် လှိုင်မြို့နယ်၊ မရမ်းကုန်းခရိုင်တို့တွင် ဆေးနှင့်ဆေးပစ္စည်းဆက်စပ်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)