Main menu

ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန တွင်(၂/၂၀၂၄)လုပ်ငန်းညှိ အစည်းအဝေး ကျင်းပပြုလုပ်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနတွင် Virtual စနစ်ဖြင့် (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား  တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဖေဖော်ဝါရီလ (၂၇)ရက်နေ့၊နေ့လယ် (၁၅:၀၀)နာရီတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူးများ၊ ဌာနခွဲတာဝန်ခံများနှင့် ခရိုင်ဦးစီးမှူး၊ ဒုခရိုင်ဦးစီးမှူးများ အပါအဝင် စုစုပေါင်း (၁၆) ဦး တက်ရောက်ခဲ့ပါသည်၊၊

    ခရိုင်ဦးစီးမှူးများအနေဖြင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ တွေ့ကြုံ ရသော လုပ်ငန်းအခက်အခဲများ အားသာချက်/အားနည်းချက်များ တင်ပြလာ မှုအပေါ် ဆွေးနွေး၍ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများမှလည်း လုပ်ငန်းလိုအပ်ချက်များကို ခရိုင်ဦးစီးမှူးများအား ရှင်းလင်းပြောကြားခဲ့ပါသည်၊၊

   ဆက်လက်၍ တက်ရောက်လာသော သက်ဆိုင်ရာခရိုင်ဦးစီးမှူးများမှလည်း မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းပိုင်းဆိုင်ရာအခက်အခဲများ တင်ပြလာမှုအပေါ် ဌာနခွဲတာဝန်ခံများမှ ရှင်းလင်းဆွေးနွေးဖြေကြားပေးခဲ့ပြီး အစည်းအဝေးတွင် လိုက်နာဆောင်ရွက်ရမည့် အစည်းဝေးဆုံးဖြတ်ချက် (၁၁) ချက် ချမှတ်ခဲ့ကြောင်း သိရသည်၊၊

DOCA(ဧရာဝတီ)