Main menu

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ ၁/၂၀၂၄ အစည်းအဝေး ကျင်းပပြုလုပ်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီး စားသုံးသူကော်မတီ၏ ၁/၂၀၂၄ အစည်းအဝေးကို ဖေဖော်ဝါရီလ (၂၉) ရက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ  ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ ဒုတိယဥက္ကဋ္ဌ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်နှင့်အဖွဲ့ဝင် ဌာနဆိုင်ရာ၊ တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးဦးမောင်မောင်ဦး တက်ရောက်ခဲ့ပါသည်၊၊

    စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးဦးတင်အေးက တိုင်းအတွင်း စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားထိခိုက်နစ်နာမှုများကို ဥပဒေနှင့် အညီကာကွယ်ပေးနိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူရေးရာကော်မတီ၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များကို ကျင့်သုံးဆောင်ရွက်ပြီး ကာကွယ်တာဆီးခြင်း အရေးယူခြင်းများဆောင်ရွက်လျက်ရှိရာ ကော်မတီအဖွဲ့ဝင်ဌာနများနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားရန် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

     ဆက်လက်၍တက်ရောက်လာသော စားသုံးသူရေးရာကော်မတီဝင်များမှ ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများတွင် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာ ပါဝင်မှုရှိစေရေးနှင့်ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေး ခဲ့ပါသည်။

DOCA(ဧရာဝတီ)