Main menu

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခမ်းအနားမှူးပညာနှင့်ပတ်သက်၍ သင်တန်းကို (၂၉-၂-၂၀၂၄) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်၊ သင်ကြားပေးမည့် လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာသရဖီထွန်းနှင့် သင်တန်းသူများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားစတင်ချိန်တွင် တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်စေနိုင်ရန်အတွက် ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် အခမ်းအနားမှူးကောင်းတစ်ဦး၏ အင်္ဂါရပ်များကိုအသိပညာပေးပြောကြားခဲ့ပါသည်။ ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသရဖီထွန်းက အခမ်းအနားမှူးတစ်ယောက်အတွက် သိသင့်သည့်အချက်များ၊ ဆောင်ရန်ရှောင်ရန်ကိစ္စရပ်များကို အတွေ့အကြုံများနှင့်ပေါင်းစပ်ကာ သင်ကြားပေးခဲ့ပါသည်။ ထို့နောက် သင်တန်းသူများကို တစ်ဦးချင်းလက်တွေ့လေ့ကျင့်စေခဲ့ပြီး အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)