Main menu

ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိသည့် သီဟိုဠ်သရက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိသည့် သီဟိုဠ်သရက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ဖေဖော်ဝါရီလ ၂၇ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်က အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ပုသိမ်တက္ကသိုလ်ပထဝီဝင်ဌာနမှ ပါမောက္ခ ဒေါက်တာဇင်မေဦးက အောင်မြင်ဖြစ်ထွန်းသော သီဟိုဠ်သရက်စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးမြေအနေအထားများအား ရှင်းလင်းတင်ပြခဲ့ပါသည်၊၊

     ဧရာဝတီတိုင်းဒေသကြီးဒေသတွင်းထုတ်ကုန်များသုတေသနနှင့် ဈေးကွက်သုတေသနကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင်လှိုင်က ဒေသတွင်းထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဆက်စပ်ဌာနဆိုင်ရာများအသင်းအဖွဲ့များ၊ ပညာရပ်ကျွမ်းကျင်သူများနှင့် ကော်မတီဖွဲ့စည်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ပါသည်၊၊

     သက်ဆိုင်ရာဌာနများဖြစ်သည့် စိုက်ပျိုးရေး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့မှ သက်ဆိုက်ရာကဏ္ဍအလိုက် အလုပ်ရုံဆွေးနွေးပွဲစကားဝိုင်းကျင်းပ၍ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ပါသည်၊၊

      အလုပ်ရုံဆွေးနွေးပွဲကို တိုင်းအဆင့်ဌာနဆိုင်ရာ ၅ဦး၊ တိုင်းအတွင်း သီဟိုဠ်စိုက်ပျိုးထုတ်လုပ်သော တောင်သူ၊ လုပ်ငန်းရှင်နှင့် မြို့နယ်သီဟိုဠ်အသင်းမှ ဥက္ကဋ္ဌအပါအဝင် အသင်းဝင်များ၊ စုစုပေါင်း (၃၅)ဦးခန့်တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်၊၊

DOCA(ဧရာဝတီ)