Main menu

သထုံခရိုင်ဦးစီးမှူးနှင့် သထုံမြို့နယ်တာဝန်ခံတို့မှ ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

Powered by Drupal

     ၂၇.၂.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးနှင့် သထုံမြို့နယ် တာဝန်ခံတို့သည် သထုံခရိုင်ဦးစီးမှူးရုံး၌ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။

   ထိုသို့ တွေ့ဆုံရာတွင် သထုံခရိုင်ဦးစီးမှူးက ဆန်စက်လုပ်ငန်းရှင်များအား သထုံခရိုင်အတွင်းရှိ ဆန်စက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ဆန်စက်လုပ်ငန်းရှင်များ အသီးသီးစည်းလုံးညီညွတ်မှုရှိစေရေး၊ ဆန်/စပါးများ ဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး သထုံမြို့နယ်တာဝန်ခံက သထုံမြို့နယ်အတွင်း စပါး/ဆန် စီးဝင်မှု၊ စီးထွက်မှု၊ လက်ရှိ ဈေးနှုန်းအခြေအနေများအား ဆွေးနွေးခဲ့ပြီး ဆန်အိတ်များပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားများအတိုင်း ပြည့်စုံစွာ ဖော်ပြရန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)