Main menu

ကျိုက်ထိုမြို့နယ် တာဝန်ခံမှ ဆီစက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

Powered by Drupal

      ၂၇.၂.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည် ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်ရှိ ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့သည်။

   ထိုသို့ တွေ့ဆုံရာတွင် ဦးစီးအရာရှိ၊ ဦးအောင်ကျော်မင်းက ယခုအချိန်တွင် မြေပဲများစတင် ထွက်ပေါ်နေပြီးဖြစ်သဖြင့် ဆီစက်များအပြည့်အဝလည်ပတ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး မြေပဲများဝယ်ယူစုဆောင်းမှုအခြေအနေ၊ ဆီကြိတ်ခွဲမှု အခြေအနေ၊ ဆီဈေးနှုန်းနှင့် ဈေးကွက်အခြေအနေများအား ဆွေးနွေးခဲ့သည်။ ထို့ပြင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသုံးသူနစ်နာမှုမရှိစေရေးအတွက် မြေပဲဆီများကို အခြားဆီများနှင့် ရောနှောရောင်းချခြင်းမပြုရန်ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ဖော်ပြထားသည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)