Main menu

မန္တလေးတိုင်းဒေသကြီးတွင် စားသုံးဆီဖြန့်ဖြူးရေးစီမံခန့်ခွဲမှု Sortware နှင့်ပတ်သက်၍ ရှင်းလင်းပွဲအခမ်းအနားကျင်းပ

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအစည်းအဝေးခန်းမတွင် စားသုံးဆီဖြန့်ဖြူးရေးစီမံခန့်ခွဲမှု Software နှင့်ပတ်သက်၍ ရှင်းလင်းပွဲအခမ်းအနားကို (၂၉-၂-၂၀၂၄ ) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။

     အဆိုပါ ရှင်းလင်းပွဲအခမ်းအနားကို ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး/ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ဒေသတွင်းရှိ စားအုန်းဆီ လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော ဆီအသင်းဝင်ကုန်သည်များစုစုပေါင်း (၇၀) ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

    အခမ်းအနားတွင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် စားဆီများကို ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူသုံးစွဲနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အမိန့်ကြော်ငြာစာအမှတ် (၂၀/၂၀၂၁) အရ အရေးကြီးကုန်စည်အဖြစ်သတ်မှတ်ထားကြောင်း၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကြီးကြပ်ရေးကော်မတီဖွဲ့စည်းပြီး ကြီးကြပ်ထိန်းကြောင်းလျက်ရှိကြောင်း၊ တိုင်းဒေသကြီး/ခရိုင်များတွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့များက သက်ဆိုင်ရာဒေသအလိုက် ခွဲဝေရရှိသောစားအုန်းဆီအရေအတွက်အပြည့်အဝရရှိမှုနှင့် ရောက်ရှိမှုရှိ/မရှိ၊ သက်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိတို့ကို စားသုံးဆီဖြန့်ဖြူးမှုလုပ်ငန်းစဉ်များအတိုင်း စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးဆီဖြန့်ဖြူးရေးလုပ်ငန်းများပိုမိုအဆင်ပြေချောမွေ့နိုင်စေရေးအတွက် Software အသုံးပြုပြီး  စီမံခန့်ခွဲမှုများပြုလုပ်ခြင်းသည် စားသုံးဆီဖြန့်ဖြူးရေးလုပ်ငန်းများကို ပိုမိုစနစ်တကျရှိစေရန်ဖြစ်ကြောင်း Software နှင့်ပတ်သက်သော သတင်းအချက်အလက်ဆွေးနွေးမှုများကို ဂရုတစိုက်သေချာနားထောင်ပြီး အကြံပြုဆွေးနွေးလိုကြောင်း နိဂုံးချုပ်ပြေကြားခဲ့ပါသည်။

      ဆက်လက်၍ Capital Connect Company Limited မှ ဦးကျော်မျိုးသက် (Chief Technology Officer) က စားသုံးဆီဖြန့်ဖြူရေးစီမံခန့်ခွဲမှု Software နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းခဲ့ပြီး အစည်းအဝေးကို ညနေ (၁၅း၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)