Main menu

စားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Powered by Drupal

    ၂၉.၂.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ “ စားသောက်ဆိုင် ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ” ကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

    ပထမဦးစွာ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မွန်ပြည်နယ် ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းရှင်အသင်း ဒုဥက္ကဌက အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးက ဝန်ဆောင်မှုဆိုင်ရာစားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အစားအသောက်များအား ဘေးကင်းစေရန် ကိုင်တွယ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိက စည်ပင်သာယာရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ အကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)