Main menu

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ စားသုံးသူရေးရာကော်မတီ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၉)ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လဉ်း၍ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်တိုင်ကြားလာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းအရေးယူဆောင်ရွက်လျက်ရှိပါသည်။

     မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် ဖြေရှင်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဖြေရှင်းရန်ကျန်ရှိသောတိုင်ကြားမှုများ၊ ဈေးကွက်အတွင်း ဦးစားပေးကုန်စည်များသတ်မှတ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအခြေအနေများ၊ စားသုံးဆီများနှင့်ပတ်သက်၍ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိမှုအပေါ် တိုးတက်မှုအခြေအနေများအား ညှိနှိုင်းဆွေးနွေးရန်အတွက် (၂၉-၂-၂၀၂၄) ရက်နေ့၊  နံနက်(၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်း အဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်စုစုပေါင်း (၉) ဦးတက်ရောက်ခဲ့ကြပါသည်။

     အစည်းအဝေးတွင် တက်ရောက်လာသည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက ဖြေရှင်းရန်ကျန်ရှိသော စားသူတိုင်ကြားမှုနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ ဦးစားပေးကုန်စည်များသတ်မှတ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိသည့် သောက်ရေသန့်အမှတ်တံဆိပ် (၂) မျိုးနှင့် ကလေးအာဟာရဖြည့်စွက်စာအမှတ်တံဆိပ် (၁)မျိုး၊ စုစုပေါင်း(၃)မျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များကို “သတိပေးခြင်းအမိန့်” ချမှတ်ဆောင်ရွက်ခဲ့သည့်အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပြီး အစည်းအဝေးကို နံနက်(၁၀:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရှိပါသည်။

DOCA(မန္တလေး)