Main menu

ချောင်းဆုံမြို့နယ်၊ ဘိုးနက်ကျေးရွာရှိ ဈေးဆိုင်များတွင်ရောင်းချလျက်ရှိသော မုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၆.၂.၂၀၂၄ ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ဘိုးနက်ကျေးရွာရှိ ဈေးဆိုင်များတွင်ရောင်းချလျက်ရှိသော မုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော မုန့်အမျိုးမျိုး တွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရောင်းချလျက်ရှိသော မုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိကြောင်း တွေ့ရှိရပါသည်။ မြို့နယ်တာဝန်ခံက  ရောင်းချလျက်ရှိသောဆိုင်ရှင်များအား မိမိတို့ဆိုင်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)