Main menu

“ပြင်ဦးလွင်ခရိုင်၌ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပ”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စားသုံးသူအခွင့်အရေးကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို (၂၂-၂-၂၀၂၄) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့ပြီး ပြင်ဦးလွင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်လွင်ထူးက စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းထားရှိမှု၊ စားသုံးသူများ၏အခွင့်အရေးနှင့် စားသုံးသူတို့၏တာဝန်များ၊ လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုတို့နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုများမခံရစေရေး ဂရုပြုရမည့်အချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ပြည်နယ်များရှိ Consumer Information & Complaint Center (CICC) များနှင့် Consumer Call Center No. ဖြစ်သည့် (1535) သို့ခေါ်ဆို၍ တိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်ရောက်ပြီး တိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဟောပြောပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများစုစုပေါင်း (၃၅)ဦးတက်ရောက်ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ  အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)