Main menu

အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်ရေးကွင်းဆင်းစစ်ဆေး

Powered by Drupal

    ပြည်သူများ၏ စားဝတ်နေရေးပြေလည်မှုကို ရှေးရှုလျက် အခြေခံစားသောက်ကုန်ဈေးနှုန်းများအပါအဝင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မှန်ကန်စေရေးတို့အတွက် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် လားရှိုးမြို့၊ မြို့နယ်ကုန် ဈေးနှုန်းထိန်းချုပ်ရေးကော်မတီအဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ဈေးကော်မတီတို့နှင့်ပူးပေါင်း၍ (၂၇.၂.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လားရှိုးမြို့၊ မြို့မဈေးအတွင်း အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ အာလူးနှင့် အသား/ငါး အစရှိသည်တို့၏ ဈေးနှုန်းအတက်/အကျ ပြောင်းလဲမှုအခြေအနေများနှင့် ပြောင်းလဲရသည့် အကြောင်းအရင်းများအား ဈေးကွက်ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)