Main menu

ကန့်ဘလူခရိုင်၏ ဖေဖော်ဝါရီလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

     ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလအတွင်း စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်၍ မိတ်ဖက်ဌာနများနှင့်ပူးပေါင်းကာ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကန့်ဘလူမြို့ “မြို့မဈေး”ရှိ ကုန်စုံဆိုင်များနှင့် ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၂)ကြိမ်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား စစ်ဆေးခြင်း (၂)ကြိမ်ဆောင်ရွက်ခဲ့ရာ စုစုပေါင်းဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၄)ကြိမ်ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသည့် ကုန်စည်များကိုရောင်းချခြင်းမပြုရန် အသိပညာပေးမှာကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)