Main menu

စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်း အမှတ်စဉ် (၁/၂၀၂၄) မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တက်ရောက်ခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေး အရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်း အမှတ်စဉ် (၁/၂၀၂၄)ကို ခရိုင်ရုံးဝန်ထမ်း ဒေါ်သဇင်ဦး(ဒု-ဦးစီးမှူး၊ ဒေါ်ချိုမီဇင်(ဒု-ဦးစီးမှူး)၊ ဒေါ်ခိုင်ခိုင်လင်း(ဒု-ဦးစီးမှူး) (၃)ဦးသည် (၂၁.၂.၂၀၂၄) ရက်မှ (၂၃.၂.၂၀၂၄) ရက်န့အထိ နေပြည်တော်ရုံးချုပ်မှ သင်တန်းပို့ချမှုအား တက်ရောက်ခဲ့ကြပါသည်။

   အဆိုပါသင်တန်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ မှ အဖွင့်အမှာစကားပြောကြားပြီး၊ သင်တန်းသားများ သင်တန်းတက်ရောက်ရာတွင် အထူးအလေး ပေးလိုက်နာတက်စေရန် ပိုချသော ဘာသာရပ်များကို Lecture Review ရေးသားမှု အလေ့အကျင့် ကောင်းထားရှိရန်၊ ဌာန၏ အဓိကကျသော ဥပဒေနှင့် နည်းဥပဒေများကိုလည်း ကျေကျေညှပ်ညှပ် သိရှိလေ့လာရန်လိုအပ်ပြီး၊ ဌာနလုပ်ငန်းစဉ်များကို လေးစားလိုက်နာကြရန် အကျယ်တဝင့် ပြောကြား ခဲ့ပါသည်။ ဆက်လက်၍ ခေတ္တညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် အကြောင်း ကို ဝန်ထမ်းများသိရှိအောင် ပြောကြားခဲ့ပြီး သင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့ပါသည်။

   (၂၁.၂.၂၀၂၄) ရက်နေ့က ကုန်သွယ်ရေးအကြောင်းသိကောင်းစရာကို ဒေါ်ခင်မျိုးသော်၊ ဒု-တိယ ညွှန်ကြားရေးမှူး ကုန်သွယ်ရေးဦးစီးမှ သင်ကြားပြီး၊ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့်  စားသုံးသူတိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းကို ဒေါ်သီတာလင်း(ဦးစီးအရာရှိ) နှင့် ဒေါ်ဟန်စုယဉ် (လက်ထောက်ညွှန်ကြားရေးမှူး) တို့က သင်ကြားပို့ချခဲ့ပါသည်။

   (၂၂.၂.၂၀၂၄) မှ (၂၃.၂.၂၀၂၄) နေ့အထိ ဘာသာရပ်အသီးသီးကို သင်ကြားပို့ချခဲ့ပြီး သင်တန်း ဆင်းပွဲကို နေ့လယ် (၁၃း၃၀)တွင် ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းဆင်း လက်မှတ်များပေးအပ်ကာ တက်ရောက်လာကြသော သင်တန်းသူ/ သင်တန်းသားများ၏ ဘာသာရပ်တစ်ခုသင်ကြားပြီးတိုင်း Lecture Review များကို စစ်ဆေးပြီး၊ သင်တန်းအပြီး သင်တန်း၏ ပိုချချက်များကို ပြန်လည်ဆန်းစစ်သည့် မေးခွန်းဖြေဆိုမှုများပြုလုပ်ကာ နေ့လယ် (၁၄း၃၀)အချိန်တွင် သင်တန်းကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)