Main menu

မွန်ပြည်နယ်ဦးစီးမှူးရုံးတွင် ဆားလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး သင်တန်းဖွင့်လှစ်

Powered by Drupal

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးတွင် “ဆားလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးသင်တန်း” ကို ၂၇.၂.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့ရာ အဆိုပါသင်တန်းဖွင့်ပွဲသို့  စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မွန်ပြည်နယ်ဆားလုပ်ငန်းရုံးမှ ပြည်နယ်ဦးစီးမှူး၊ ဆားလုပ်ငန်းရှင်များ၊ ဆားရောင်းချသူလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

   သင်တန်းတွင် ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆားလုပ်ငန်းပြည်နယ် ဦးစီးမှူးက အိုင်အိုဒင်းဆားဥပဒေအကြောင်းအရာများအားလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ် ဦးစီးမှူးက ကုန်အညွှန်းအမှတ်အသားအကြောင်းအရာများအားလည်းကောင်း၊ မော်လမြိုင်ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသည့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ပြဌာန်းချက်များအားလည်းကောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)