Main menu

ပေါင်မြို့နယ်တွင် အသင့်စားခေါက်ဆွဲခြောက်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၇.၂.၂၀၂၄ ရက်နေ့တွင် ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်နှင့် ကဒါရပ်ကွက်တွင် ရောင်းချနေသော ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်များဖြစ်သော မားမား၊ ယမ်ယမ်၊ မျက်လုံး၊ ဝါးလား၊ OMG အမှတ်တံဆိပ်များအား စစ်ဆေးခဲ့ပြီး အဆိုပါ အသင့်စားခေါက်ဆွဲခြောက်များတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)