Main menu

မြိတ်မြို့၊ အမှတ်(၂၀)၊ စီလမ်း၊ ထားဝယ်စုရပ်၊ Top One မုန့်တိုက်ရှိ မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၂) ရက်နေ့၊ နံနက်ပိုင်းတွင် မြိတ်မြို့၊ အမှတ်(၂၀)၊ စီလမ်း၊ ထားဝယ်စုရပ်ရှိ  Top One မုန့်တိုက်သို့သွားရောက်၍ မုန့်တိုက်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

       ထို့သို့တွေ့ဆုံဆွေးနွေးရာတွင် ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များကို ဦးစားပေးထုတ်လုပ်နိုင်ရေးနှင့် သန့်ရှင်းလတ်ဆတ်သောမုန့်များထုတ်လုပ်နိုင်ရေး၊ သက်တမ်းလွန်မုန့်များမရှိစေရေးအတွက် အထူးဂရုပြုဆောင်ရွက်နိုင်ရေး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)