Main menu

ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ ဝန်ထမ်းများအား ဓာတုကင်းလွတ်သော မုန်ညင်းထုပ်များပေးဝေ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် ဝန်ထမ်းများအတွက် ဓာတုကင်းလွတ်အသီးအရွက်များစားသုံးစေရန်နှင့် အိမ်သုံးဈေးဖိုးစရိတ်သက်သာစေရန်ရည်ရွယ်၍ ဆောင်းရာသီသီးနှံများဖြစ်သော မုန်ညင်းထုပ်၊ ရုံးပတီပင်၊ ဘူးပင်၊ ငရုတ်ပင်၊ ပဲလွန်းပင်၊ ချဉ်ပေါင်ပင်နှင့် ကန်စွန်းပင်များကို ဝန်ထမ်းများက စုပေါင်း၍စိုက်ပျိုးထားရှိခဲ့ပါသည်။

     (၂၃-၂-၂၀၂၄)ရက်နေ့တွင် အပတ်စဉ်သန့်ရှင်းရေးပြုလုပ်အပြီး ဝန်ထမ်းများအား မုန်ညင်းထုပ်များပေးဝေခဲ့ပါသည်။ ယခုကဲ့သို့သောသီးနှံများကို ဝန်ထမ်းများစုပေါင်းစိုက်ပျိုးထားခြင်းကြောင့် ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦးစည်းလုံးညီညွတ်ကြောင်း၊ ဓာတုကင်းလွတ်အသီးအရွက်များစားသုံးရခြင်းကြောင့် ကျန်းမားရေးနှင့်ပြည့်စုံကြောင်း၊ ဈေးဖိုးလည်းသက်သာစေကြောင်းနှင့် ဝန်ထမ်းများလည်းပျော်ရွှင်ကြကြောင်းသိရှိရပါသည်။

DOCA(မကွေး)