Main menu

ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ပတ္တမြားဈေးတွင် ရွာသစ်၊ ကိုးတောင့်၊ ရေလယ်ကျွန်း၊ ချင်တောင်၊ အောက်ဆိပ်၊ သံဇလုံ၊ ဂွေးပင်၊ ချောင်းမကျည်း၊ တူရွင်းမျောကျေးရွာအတွင်းမှ စိုက်ပျိုးထွက်ရှိသော ကုန်စိမ်းသီးနှံများနှင့် ဆင်ဖြူကျွန်း၊ စလင်း၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသထွက်သီးနှံများ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ဆိပ်ဖြူမြို့၊ ပတ္တမြားဈေး၌ ဖေဖော်ဝါရီလ(စတုတ္ထပတ်)အတွင်း ခရမ်းချဉ်သီး(ထိုင်ဝမ်) တစ်ပိဿာလျှင် ကျပ်(၃၀၀ - ၃၅၀)၊ ခရမ်းချဉ်သီး(ဗမာ) တစ်ပိဿာလျှင် ကျပ်(၅၀၀)၊ ခရမ်းသီးတစ်ပိဿာလျှင် ကျပ်(၃၅၀ - ၅၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ် (၂၀၀၀ - ၃၀၀၀)၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၃၀၀၀ - ၃၅၀၀)၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ်(၂၀၀၀ - ၂၅၀၀)၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀ - ၁၅၀၀၀)၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် ကျပ်(၇၅၀၀ - ၈၀၀၀)၊ ပန်းဂေါ်ဖီမှာ အပွင့်အရွယ်အစားလိုက်၍ တစ်ပွင့်လျှင် ကျပ်(၅၀၀ - ၈၀၀ - ၁၀၀၀)၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ်(၁၅၀ - ၅၀၀)၊  နံနံပင်တစ်ပိဿာလျှင် ကျပ်(၃၀၀)၊ ပဲတောင့်ရှည်တစ်ပိဿာလျှင် ကျပ်(၇၀၀ - ၁၀၀၀)၊ မုန်လာဥနီတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ မုန်လာဥဖြူတစ်ဥလျှင် ကျပ်(၁၀၀)၊ သကြားပြောင်းဖူးချိုတစ်ဖူးလျှင် ကျပ်(၃၀၀ - ၃၅၀)၊ ကန်စွန်းဥတစ်ပိဿာလျှင် ကျပ်(၁၀၀၀ - ၁၅၀၀)၊ မြေပဲလုံးဆံတစ်ပြည်လျှင် ကျပ် (၇၅၀၀)၊ ကြက်ဥတစ်လုံးလျှင် ကျပ်(၂၅၀ - ၂၉၀)၊ ကြက်သား(CP) တစ်ပိဿာလျှင် ကျပ် (၉၀၀၀ - ၁၂၀၀၀)၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် ကျပ် (၁၈၀၀၀)၊ ဝက်သား တစ်ပိဿာလျှင် ကျပ် (၁၈၀၀၀)၊ အမဲသားတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ် (၂၀၀၀၀)၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ်(၇၅၀၀)၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ်(၉၅၀၀ - ၁၀၀၀၀)၊ ငါးဖယ်ဆုပ်တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ပဲစက်ဆီတစ်ပိဿာလျှင် ကျပ်(၁၄၀၀၀ - ၁၄၅၀၀)၊ နှမ်းစက်ဆီတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ သိင်္ဂီပေါ်ဆန်း (၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်(၁၆၅၀၀၀)၊ ဖျာပုံပေါ်ဆန်း(၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်(၁၃၅၀၀၀)၊ ဧရာပဒေသာ ဆင်ဖြူကျွန်း(၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ် (၁၅၀၀၀၀)၊ ဧရာပဒေသာ (အောက်)(၂၄)ပြည်ပါ တစ်အိတ်လျှင်ကျပ်(၁၂၅၀၀၀)၊ (ဆင်ဖြူကျွန်း) မနောသုခ(၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ မနောသုခဆန်(အောက်) (၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ ရတနာတိုး ဆင်ဖြူကျွန်း (၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်(၇၀၀၀၀)၊ ဒို့ရွှေအိုး ဆင်ဖြူကျွန်း(အဟောင်း) (၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ဒို့ရွှေအိုး ဆင်ဖြူကျွန်း (အသစ်) (၂၄)ပြည်ပါ တစ်အိတ်လျှင် ကျပ် (၁၄၀၀၀၀)ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စိမ်းသီးနှံများမှာ ဒေသတွင်းသီးနှံပေါ်ချိန်ဖြစ်၍ ယခင်ဖေဖော်ဝါရီလ(ဒုတိယပတ်)ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ကြည့်လျှင် ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကုန်စိမ်းသီးနှံစိုက်ပျိုးတောင်သူများမှာ သီးနှံပေါ်၍ လှိုင်လှိုင်ဆွတ်ခူးချိန်ဖြစ်၍ ကုန်စိမ်းသီးနှံဈေးကွက်သို့ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ မုန်လာပွင့်၊ ငရုတ်သီးစိမ်း၊ နံနံပင်နှင့် ပဲတောင့်ရှည်သီးဈေးနှုန်းများကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး စားသုံးဆီ၊ ဆန်နှင့် အသားငါးဈေးနှုန်းများမှာ  ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ အခြေခံစားသောက်ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(မကွေး)