Main menu

အထက်မင်းလှမြို့နယ်၌ ဆန်ဈေးနှုန်းများအနည်းငယ်မြင့်တက်လျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်သည် စပါးစိုက်ဧကနည်းပါးသဖြင့် ဆန်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ရေဦးမြို့နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မင်းဘူးမြို့၊ စလင်းမြို့၊ ဆင်ဖြူကျွန်းမြို့နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ ပုသိမ်မြို့၊ မြောင်းမြမြို့၊ မြန်အောင်မြို့၊ ကြံခင်းမြို့၊ ဟင်္သတမြို့တို့မှ ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

    ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် အထက်မင်းလှမြို့၌ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသော ဆန်ဈေးနှုန်းများမှာ ဧရာပဒေသာဆန် ရွှေပိုးအိမ်(၂၄)ပြည်ပါတစ်အိတ်လျှင် ကျပ် (၁၇၃၀၀၀)၊ စိန်ရတီ(စိမ်း)တစ်အိတ်လျှင် ကျပ်(၁၅၁၀၀၀)၊ စိန်ရတီ(နီ)တစ်အိတ်လျှင် ကျပ် (၁၅၁၀၀၀)၊ စိန်ရတနာဧရာတစ်အိတ်လျှင် ကျပ်(၁၃၁၀၀၀)၊ စိန်ပုလဲဧရာတစ်အိတ်လျှင် ကျပ်(၁၃၁၀၀၀)၊ ကုန်းဇောင်း(ဟောင်း)တစ်အိတ်လျှင် ကျပ်(၁၅၆၀၀၀)၊ ကုန်းဇောင်း(သစ်)တစ်အိတ်လျှင် ကျပ် (၁၅၀၀၀၀)၊ မနောသုခ(ဟောင်း) တစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ ပေါ်ဆန်း(ရွှေဘို) တစ်အိတ်လျှင် ကျပ်(၁၅၁၀၀၀)၊ ရက်(၉၀)ဆန်တစ်အိတ်လျှင် ကျပ်(၉၈၀၀၀)၊ ဖယောင်းရွှေစင်တစ်အိတ်လျှင် ကျပ် (၁၁၄၀၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အမှတ်(၉)ရပ်ကွက်ရှိ ဆန်ရောင်းချသည့် ကုန်သည်တစ်ဦးထံမှသိရှိရပါသည်။

      ယခင်အပတ်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် မနောသုခ(ဟောင်း)တစ်အိတ်လျှင် ကျပ် (၂၀၀၀)နှင့် ကျန်ဆန်အိတ်များမှာ တစ်အိတ်လျှင် ကျပ်(၁၀၀၀)စီ ဈေးနှုန်းမြင့်တက်လာပြီး သယ်ယူခစရိတ်မြင့်မားလာခြင်းတို့ကြောင့်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)