Main menu

သရက်မြို့အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များအား အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအုန်းမြင့်(ဦးစီးမှူး) ဦးဆောင်သောဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ဖေဖော်ဝါရီလအတွင်း ဆေးနှင့်ဆေးပစ္စည်းများကို ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချနေမှုရှိ/မရှိ၊ အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ၊ ဝယ်ယူရရှိမှုအခြေအနေ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/မရှိတို့ကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်းကာ အပတ်စဉ်ဆေးနှင့်ဆေးပစ္စည်းဆိုင်များသို့သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးလေ့လာခဲ့ရာတွင်  ဆေးများကို ပုံမှန်ဈေးနှုန်းများဖြင့်သာရောင်းချလျက်ရှိပြီး ယခုလက်ရှိအချိန်အထိ ဆေးကုမ္ပဏီများမှလိုအပ်သည့် ဆေးများမှာယူရာတွင် အခက်အခဲမရှိကြောင်း၊ သက်တမ်းလွန်ဆေးဝါးများကိုလည်း ရောင်းချခြင်းမရှိကြောင်းသိရှိရပါသည်။ ထို့နောက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဆေးဝါးများထားသိုရာတွင် သန့်ရှင်းမှုရှိစေလိုကြောင်း၊ တရားမဝင်ဆေးဝါးများကိုရောင်းချမှုမရှိစေရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)