Main menu

ရွှေဘိုခရိုင် (၂/၂၀၂၄)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်မှု အခြေအနေ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဆောင်၍ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအား (၅)  ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

    (၁၃.၂.၂၀၂၄)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ  မွတ္တား(၃) ( ဆေးမျိုးစုံ) ရောင်းဝယ်ရေးလုပ်ငန်းရှင်၊ အာရောဂျံ (ဆေးမျိုးစုံ) ရောင်းဝယ်ရေးလုပ်ငန်းရှင်၊ ပိုင်ပိုင်ချမ်းမြေ့ (ဆေးမျိုးစုံ) ရောင်းဝယ်ရေးလုပ်ငန်းရှင်၊ (၁၅.၂.၂၀၂၄)ရက်နေ့တွင် ဒေါ်မော်ကြည် (ကုန်မျိုးစုံ) ရောင်းဝယ်ရေးလုပ်ငန်းရှင်၊ (၂၀.၂.၂၀၂၄)ရက်နေ့တွင် လမင်း(ဆေးမျိုးစုံ)ရောင်းဝယ်ရေးလုပ်ငန်းရှင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး စုစုပေါင်း စီးပွားရေး လုပ်ငန်းရှင် (၅) ဦးအား စားသုံးသူကာကွယ်ရေးဥပဒေ၊ အမိန့် နှင့်ညွှန်ကြားချက်များနှင့် ဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)