Main menu

ဆိပ်ဖြူမြို့၊ ပတ္တမြားဈေး၌ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်တင်မာရီတို့သည် စားသုံးပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသော စားသောက်ကုန်များ၊ သက်တမ်းလွန်နေသော စားသောက်ကုန်များနှင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့်ဝန်ထမ်းသည် (၂၀-၂-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ၌ စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသော ဇော်ဂျီ(ဆေးမန်ကျည်း)၊ မောင်ကျန်တတို့(သစ်သီးယိုစုံ၊ အတို့မှုန့် ရှောက်ချိုမွှေး)နှင့် “Super” မက်မန်းနှင့် သစ်သီးယိုစုံ၊ “Doreme”၊ Milk Strawberry Flavour Drink (ဒိန်ချဉ်)တို့ရောင်းချမှုရှိ/မရှိ၊ ဈေးကွက်အတွင်းရှိ ရောင်းချလျက်ရှိသောကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသော ကုန်ပစ္စည်းများကို ရောင်းချခြင်းမရှိကြောင်းနှင့် ဈေးကွက်အတွင်း၌ ကုန်ပစ္စည်းလက်ကျန်များမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။ မြို့နယ်တာဝန်ခံက ရောင်းချလျက်ရှိသောဆိုင်ရှင်များအား မိမိတို့ဆိုင်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)