Main menu

စားအုန်းဆီများအား စားသုံးပြည်သူများဝယ်ယူရာတွင် အဆင်ပြေစေရန်ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေး

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တာဝန်ခံ ဦးအုန်းမြင့်နှင့် သရက်ခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများသည် (၂၀-၂-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅း၃၀)နာရီအချိန်တွင် သရက်ခရိုင်အတွင်းရှိ မြို့နယ်များအတွက်ရရှိလာသော စားအုန်းဆီပေပါများရောက်ရှိလာမှုအား သွားရောက်ကြီးကြပ်စစ်ဆေးခဲ့ပါသည်။

       ထို့နောက် မြို့နယ်တာဝန်ခံ၊ ဒေါ်နွဲ့ယဉ်ဝင်း(ဒု-ဦးစီးမှူး)နှင့် ဦးကျော်ရွှေ(ဒု-ကြီးကြပ်ရေးမှူး) တို့သည် ဆီကုန်သည်များ၏ ဆီရောင်းချနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ရည်ညွှန်း ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန်၊ အချင်အတွယ်မှန်ကန်မှုရှိစေရန်၊ မြို့နယ်များသို့ ဆီများဖြန့်ခွဲဝေပေးရာတွင် စနစ်တကျရှိစေရန်ပြောကြားခဲ့ပြီး စားသုံးသူများအား စားအုန်းဆီဝယ်ယူသုံးစွဲရာတွင် အဆင်ပြေမှုရှိ/မရှိနှင့် စိတ်ကျေနပ်မှုရှိ/မရှိတို့ကိုမေးမြန်းခဲ့ရာ စားသုံးသူနှင့် လုပ်ငန်းရှင်များအကြား အဆင်ပြေမှုများရှိကြောင်း သိရှိခဲ့ရပါသည်။

DOCA(မကွေး)