Main menu

သရက်မြို့၊ မြို့မစည်ပင်ဈေးတွင် အသိပညာပေးခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် လစဉ် သရက်မြို့နယ်အတွင်း စားသုံးသူအကာအကွယ်‌ပေးရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၉-၂-၂၀၂၄)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြို့မစည်ပင်ဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံသည့်ကုန်စည်များကိုသာရောင်းချစေရေး၊ သက်တမ်းလွန်ကုန်စည်များရောင်းချမှုမရှိစေရေးအတွက် ဆိုင်ရှင်များနှင့်တွေ့ဆုံကာ စားသုံးသူကာကွယ်ရေးဥပဒေ (၂/၂၀၁၉)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်သည့် အချက်အလက်များ၊ ဥပဒေများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

      ဆက်လက်၍ စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသည့် Super အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ထားသည့် မက်မန်းနှင့် သစ်သီးယိုစုံစားသောက်ကုန်နှင့် Doreme အမှတ်တံဆိပ်ဖြင့် ထုတ်လုပ် ထားသည့် Milk Strawberry Flavour Drink (ဒိန်ချဉ်) စားသောက်ကုန်တို့ကို ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ဆိုင်ပိုင်ရှင်များအား အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက တရားမဝင်ကုန်စည်များရောင်းချမှုမရှိစေရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဈေးအတွင်း အမှိုက်များကိုစနစ်တကျစွန့်ပစ်ရန်နှင့် ပွင့်လင်းရာသီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ထားရန်ပြောကြားခဲ့‌ကြောင်းသိရှိရပါသည်။

DOCA(မကွေး)