Main menu

မကွေးမြို့၊ ရန်ပယ်စျေး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအသိပညာပေးနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

      မကွေးမြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအသိပညာပေးခြင်းအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်း ဆောင်ရွက်လျက်ရှိပါသည်။

    အဆိုပါ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအသိပညာပေးခြင်းအား စည်ပင်သာယာ‌ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၁၉-၂-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်မှ နံနက် (၁၀:၃၀)နာရီအချိန်ထိ မကွေးမြို့၊ ရန်ပယ်စျေး၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

     ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသည် ရန်ပယ်စျေးရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသော ဇော်ဂျီ-ဆေးမန်ကျည်း၊ မောင်ကျန်တတို့-သစ်သီးယိုစုံအတို့မှုန့်၊ ရှောက်ချိုမွှေးများရောင်းချမှုရှိ/မရှိနှင့် စျေးကွက်အတွင်းရှိ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ မောင်ကျန်တတို့-သစ်သီးယိုစုံအတို့မှုန့် (၁၂)ဘူးပါ (၁)ထုပ်၊ တန်ဖိုးငွေအားဖြင့် ကျပ်(၁၀၀၀)အား စစ်ဆေးတွေ့ရှိရသဖြင့် ဆက်လက်ရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ပြီး ၎င်းမောင်ကျန်တတို့-သစ်သီးယိုစုံအတို့မှုန့် (၁၂)ဘူးပါ (၁)ထုပ်အား စျေးတာဝန်ခံရုံးခန်း၊ အဖွဲ့စုံ၏ရှေ့တွင် ဖျက်ဆီးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)