Main menu

ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများအပြင်  စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ (၁၃-၂-၂၀၂၄)ရက်နေ့၊  နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့နှင့် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၁)ဆိုင်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ (၂၁/၂၀၂၀) ဖြင့် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းကိုတားမြစ်သည့် အမိန့်ကြော်ငြာစာကို ထုတ်ပြန်ထားပြီးဖြစ်သဖြင့် လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုလအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ကွင်းဆင်းစစ်ဆေးအသိပညာပေးရန် လမ်းညွှန်မှုပြုလာသဖြင့် ဈေးကွက်အတွင်းဆေးနှင့် ဆေးပစ္စည်းများဈေးနှုန်းမြှင့်တင်ရောင်းချမှုများမရှိစေရေးနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမရှိစေရေး  ဆေးသိုလှောင်ထားသည့်နေရာများအား ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်းများကို  စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များအားလုံး၌ ဆောင်ရွက်လျက်ရှိသဖြင့် ဆေးနှင့်ဆေးပစ္စည်းရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအားလုံးအနေဖြင့် လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့မှုကို သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)