Main menu

ကြံခင်းမြို့နယ် စားသုံးသူရေးရာအသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူးသည် (၂၀.၂.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီ အချိန်တွင် ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စားသုံးသူရေးရာ အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ အစီအစဉ်တွင် မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဝင်းက စားသုံးသူပြည်သူများ မိမိတို့ရရှိမည့်အခွင့်အရေးများနှင့် စားသုံးသူများ၏ နစ်နာဆုံးရှုံးမှုများကို အရေးဆိုတိုင်ကြားနိုင်ခြင်းအားသိရှိစေရန်၊ စားသုံးသူပြည်သူများ၏ ငွေကြေးပိုင်းဆိုင်ရာထိခိုက်မှုများ၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများမှ ကာကွယ်နိုင်ရန် စားသုံးသူရေးရာဦးစီးဌာန၌ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)များ ဖွင့်လှစ်ပြီး ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေများအား အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)