Main menu

“ တွံတေးမြို့နယ်၌ စားအုန်းဆီအမျိုးမျိုး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ တွံတေးမြို့နယ်မှ တာဝန်ရှိသူများသည် စားသုံးသူပြည်သူများ စားအုန်းဆီအမျိုးမျိုးကို ဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီလ (၁၆)ရက်နေ့၊ နေ့လယ်(၁၀:၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်များသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းအဖွဲ့သည် တွံတေး မြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်နှင့် ကုန်စုံဆိုင်များသို့ သွားရောက်ပြီး ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူပြည်သူများအနေဖြင့် အဓိက စားသောက်ပစ္စည်းဖြစ်သော စားအုန်းဆီအမျိုးမျိုးတို့ကို ဝယ်ယူဖြန့်ဖြူးရောင်းချရာတွင် စံချိန်၊ စံညွှန်းနှင့်ကိုက်ညီမှုရှိသော စားအုန်းဆီများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းတို့အား ပြည့်စုံစွာဖော်ပြပါရှိသော စားအုန်းဆီများကိုသာ အမှန်တကယ်ရောင်းချကြရန်၊ စားအုန်းဆီ အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများတွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများ၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ကုန်ပစ္စည်းများ၊ သက်တမ်းကုန်နေသော စားသောက်ကုန်ပစ္စည်းများအား မိမိတို့၏ဆိုင်များတွင် ဖြန့်ဖြူးရောင်းချခြင်းမပြုစေရေးစသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအား အကြံပြုဆွေးနွေးရှင်းလင်းပြောကြားခဲ့ပြီး ဈေးကွက်အတွင်း စားအုန်းဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)