Main menu

“ ဒလမြို့နယ်၌ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားအုန်းဆီရောင်းချခြင်း မရှိစေရေး ကွင်းဆင်းဆေးခြင်း”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဒလမြို့နယ်အတွင်း စားသုံးသူများ စားအုန်းဆီအမျိုးမျိုးတို့ ဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီလ (၁၆)ရက်နေ့၊ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် စည်ပင်သာယာ ကမာကဆစ်ဈေးအတွင်း/အပြင် ကုန်ခြောက်ဆိုင်များသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ၊မြို့နယ်စည်ပင်သာယာဦးစီးဌာနှင့် ပူးပေါင်းအဖွဲ့သည် ဒလမြို့နယ် ကမာကဆစ် စည်ပင်သာယာဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်နှင့် ကုန်စုံဆိုင်များသို့ သွားရောက်ခဲ့ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ မိမိတို့၏ဈေးဆိုင်များတွင် စားအုန်းဆီအမျိုးမျိုး၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ဖြစ်စေ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားအုန်းဆီအမျိုးမျိုးတို့အား ရောင်းချခြင်းမပြုလုပ်စေရေးနှင့် စံချိန်၊ စံညွှန်းနှင့်ကိုက်ညီသော ကုန်ပစ္စည်းများနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအား အကြံပြုဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)