Main menu

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ကွန်ပျူတာအသုံးချအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ၁၉.၂.၂၀၂၄ (တနင်္လာနေ့)က ကွန်ပျူတာ အသုံးချအခြေခံသင်တန်း၏ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်၊ ဒုတိယတိုင်း ဒေသကြီးဦးစီးမှူးများ၊ ဌာနခွဲတာဝန်ခံများနှင့် သင်တန်းသား/သင်တန်းသူ (၁၇)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဦးကျော်ကျော်လွင်က ဤသင်တန်းကို အမှန်တကယ်တတ်မြောက်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ စနစ်တကျသေချာစွာ လိုက်နာသင်ယူသင့်ကြောင်းနှင့် ယခုအခြေခံသင်တန်းပြီးဆုံးပါကလည်း အဆင့်မြင့်သင်တန်း ထပ်မံဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သင်တန်းသား/သင်တန်းသူများကို ATK Computer Training Centre မှ ဆရာဦးအေးမင်းက သင်ကြားပေးသွားမည်ဖြစ်ကြောင်း သင်တန်းသား/ သင်တန်းသူများ တတ်မြောက်သည်အထိ သင်ကြားပေးသွားမည်ဖြစ်ပါသည်။

DOCA(ရန်ကုန်)