Main menu

ဟင်္သာတခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေး အသိပညာပေး သင်တန်းကျင်းပခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာနဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်း ဦးဆောင်၍  (၁၅.၂.၂၀၂၄)ရက်နေ့မှ (၁၆.၂.၂၀၂၄) ရက်နေ့  နံနက်(၁၀:၀၀) နာရီမှ ညနေ (၁၆:၀၀)နာရီအထိ ဟင်္သာတမြို့နယ်၊ ဈေးကလေး လမ်း၊ တာငါးဆယ်(မ)ရပ်ကွက်ရှိ ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်း(၁၈)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးသင်တန်း ကျင်းပခဲ့ပါသည်။

     ထိုသို့ကျင်းပခဲ့ရာတွင် ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း ၊ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်က စားသုံးသူကာကွယ်ရေးနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူရေးရာဌာနခွဲမှူး ဒေါ်နှင်းဝေဖြိုးက ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာကိစ္စရပ်များအကြောင်း စသည့်ဘာသာရပ်များကို ဆွေးနွေးပို့ချခဲ့ပါသည်။ သင်တန်းဆရာများ၏ဆွေးနွေးပို့ချချက်များ အပြီးတွင် သင်တန်းသားများမှမရှင်းလင်းသည်များကို မေးမြန်းခြင်းအပေါ်သင်တန်းဆရာများမှ ပြန်လည်ရှင်းလင်းပြောကြားခြင်း  အစီအစဉ်ဆောင်ရွက်ခဲ့ပြီး သင်တန်းဆင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ဧရာဝတီ)