Main menu

ဘီးလင်းမြို့ ဘိုးရာဇာရပ်ကွက်ရှိ ကုန်စုံဆိုင်နှင့်ဘိုးလှကြီးရပ်ကွက်ရှိ Nation Mark (Super One holding Co.Ltd) ၌ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၀.၂.၂၀၂၄) ရက်နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ဘီးလင်း)နှင့် ပူးပေါင်း၍ ဘီးလင်းမြို့ ဘိုးရာဇာရပ်ကွက်ရှိ ကုန်စုံဆိုင်များနှင့် ဘီးလင်းမြို့ ဘိုးလှကြီးရပ်ကွက်ရှိ အခြေခံလူသုံးကုန်စည်၊ စားသောက်ကုန်စည်များ ရောင်းချလျက်ရှိသော Nation Mark( Super One holding Co.Ltd)သို့ သွားရောက်၍ အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ရောင်းချနေသောအသင့်စားခေါက်ဆွဲခြောက်ထုပ် အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ ထောက်ခံချက်ပါ/မပါ၊ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိသော စားသုံးသူများကို ဘေးအန္တရာယ်ဖြစ်စေနိုင်သော အသင့်စားခေါက်ဆွဲခြောက်ထုပ်များ ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိကို စစ်ဆေးခဲ့ရာ ဘေးအန္တရာယ်ကင်းသော အသင့်စားခေါက်ဆွဲခြောက်ထုပ်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချနေကြောင်း သိရှိရပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းစေရေးအတွက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချစေရန်အတွက် အသိပညာပေး ဆွေးနွေး၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များအား ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)