Main menu

ကျိုက်မရောမြို့နယ် ပြန်ဆက်ရုံးတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ

Powered by Drupal

     မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ၁၉.၂.၂၀၂၄ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

   ဆွေးနွေးပွဲတွင် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီက  အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကို အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales)လုပ်ငန်းများ မှတ်ပုံတင်ခြင်းအတွက် အင်တာနက်ရရှိတဲ့ ဘယ်နေရာမှာမဆို အွန်လိုင်းကနေ လျှောက်ထားထုတ်ယူနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် လိုအပ်သည့် စာရွက်စာတမ်းများပြင်ဆင်ခြင်း၊ မှတ်ပုံတင်ရာတွင်ပူးတွဲတင်ပြရမည့် အချက်များ၊ မှတ်ပုံတင်မည့်သူများ သိရှိရမည့် စည်းကမ်းချက်များ၊ မှတ်ပုံတင်လျှောက်ထားရာတွင် သိရှိဖို့လိုအပ်သည့်အချက်များ၊ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်ပြီး သိလိုသည်များကို dot.ecomreg@gmail.com သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)