Main menu

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ရှိ ဆောင်းသီးနှံ နေကြာစိုက် တောင်သူများနှင့် တွေ့ဆုံ

Powered by Drupal

    မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများ ဆီထွက်သီးနှံ နေကြာပိုမိုတိုးချဲ့စိုက်ပျိုး၍ ဒေသတွင်းစားသုံးဆီဖူလုံရန်နှင့် သီးနှံများ အောင်မြင်ဖြစ်ထွန်း ဝင်ငွေတိုးစေရန်အတွက် မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ၁၇.၂.၂၀၂၄ ရက်နေ့တွင် ကုလားဘီကျေးရွာရှိ နေကြာစိုက်တောင်သူများထံ ကွင်းဆင်းတွေ့ဆုံရာ အဆိုပါတွေ့ဆုံမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် လိုက်ပါပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

   ရှေးဦးစွာ တွေ့ဆုံပွဲတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လွင်က ၂၀၂၃-၂၀၂၄ ခုနှစ် မြို့နယ်အတွင်း ဆောင်းသီးနှံ စိုက်ပျိုး ထုတ်လုပ်မှုနှင့် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်းနှင့် တောင်သူများမှ လုပ်ငန်းခွင် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများမှ တောင်သူများ၏တင်ပြချက်များကို ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

     ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နတ်မှော်ကျေးရွာတွင် အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးထားသည့် ပိုက်ဆံလျှော်(သစ်စိမ်း) သဘာဝမြေဩဇာ မျိုးစေ့ထုတ်စိုက်ခင်းအား ကွင်းဆင်းကြည့်ရှု့၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။

     ချောင်းဆုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆီထွက်သီးနှံ (၃၂၇၆) ဧကနှင့် ဆောင်းသီးနှံ စုစုပေါင်း (၇၇၃၀) ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့်များ ထောက်ပံ့ဆောင်ရွက်ပေးခဲ့ခြင်းကြောင်း ၂၀၂၃-၂၀၂၄ ခုနှစ် ဆီထွက်သီးနှံ (၃၄၁၆) ဧကနှင့် ဆောင်းသီးနှံ စုစုပေါင်း (၈၅၄၈) ဧကကို လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

DOCA(မွန်)