Main menu

ဘိုကလေးမြို့နယ်ရှိ “သုခ” သုံးထောင့်မုန့်လုပ်ငန်းသို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်  တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင်  ဘိုကလေးမြို့(၁)ရပ်ကွက်၊ ဒုတိယလမ်းရှိ “သုခ” သုံးထောင့်မုန့်လုပ်ငန်းသို့ MSMEs လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ “သုခ” သုံးထောင့်မုန့် တွင် ပါဝင်သောပစ္စည်းများမှာ ဂျုံ၊ သကြား၊ ဆီ၊ ရေသန့်၊ ကြက်ဥ၊ နို့၊ ဆား၊ ထောပတ် စသည့်အမျိုးအစားများပါဝင်ပြီး တစ်နေ့ထုတ်လုပ်မှုအနေဖြင့် ဘူးအရေအတွက်  (၁၀၀မှ၁၅၀) အတွင်း ထုတ်လုပ်လျက်ရှိပြီး တစ်ဘူးလျှင်(၅)ခုပါရှိပါသည်။ ဈေးနှုန်းအနေဖြင့် လက်လီ တစ်ဘူး(၂၃၀၀)ကျပ်ဖြစ်ပြီး လက်ကားဈေးနှုန်း(၂၁၀၀)ကျပ်ဖြင့် ရောင်းပေးပါသည်။ လုပ်သားဦးရေ   (၆)ဦးရှိပြီး လုပ်အားခအနေဖြင့် နေ့စား( ၅၀၀၀မှ၆၀၀၀)ကျပ်နှုန်းအလိုက် ပေးရပါသည်။  ဈေးကွက်အနေဖြင့် ဒေသတွင်းအပြင် ၊ မအူပင်၊ ဝါးခယ်မ၊  ဖျာပုံဒေသများပါ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

     ထို့နောက် မြို့နယ်တာဝန်ခံက ထုတ်လုပ်သောကုန်စည်နှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ(၄၁)၊ (၄၃) အရ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ပတ်သက်၍ပြုလုပ်  ရေးသားဖော်ပြရန်နှင့် မိမိထုတ်လုပ်သော ကုန်စည်များတွင် စားသုံးသူစိတ်ကျေနပ်မှုရှိစေရေး၊ လုပ်ငန်းခွင်တွင် သန့်ရှင်းသပ်ရပ်စေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)