Main menu

ကျောင်းကုန်းမြို့နယ်အဆင့် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်းဖွဲ့စည်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အေးချမ်းသာယာခန်းမ၌ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း ဖွဲ့စည်းခြင်းကို နံနက် (၁၀:၀၀) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

    ရှေးဦးစွာ ပုသိမ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဦးတင်စိုးလှိုင်က မြို့နယ်အတွင်း ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်း၍ စားသုံးသူများထံသို့ စားသုံးဆီ အပြည့်အဝ ဖြန့်ဖြူးနိုင်ရေး ချိတ်ဆက်၍ ဆောင်ရွက်နိုင်ရန် ယခုလိုဖွဲ့စည်းရခြင်း ဖြစ် ကြောင်း၊ တိုင်းဒေသကြီးနှင့်ခရိုင်ဆီကုန်သည်နှင့် ချိတ်ဆက်ကာ တိုင်းဒေသကြီးကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့သို့ တင်ပြနိုင်စေရေး ဖွဲ့စည်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးတင်မောင်က မြို့နယ်အတွင်း နေရာဒေသအစုံမှ အသင်းဝင်များ ပါဝင်အောင်ဖွဲ့စည်းပြီး၊ အသင်းကြီး တိုးတက်အောင် ဆောင်ရွက်နိုင်မည့်သူများကို ရွေးချယ်တင်မြောက်ပေးကြဖို့လိုကြောင်း ပြောကြားခဲ့သည်။

     ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များမှ မိမိတို့တင်မြှောက်လိုသည့် အဖွဲ့ဝင်များအား လွတ်လပ်စွာအဆိုပြု၍ တင်ပြခဲ့ပြီး၊ အတည်ပြုကာ အမှုဆောင်(၁၁)ဦးဖြင့် ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)