Main menu

မုဒုံမြို့နယ်တွင် စားသုံးသူတိုင်ကြားမှုအပေါ်ဖြေရှင်းဆောင်ရွက်ပုံအဆင့်ဆင့်နှင့် ပတ်သက်၍ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်

Powered by Drupal

     မွန်ပြည်နယ်၊ မုဒုံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ၁၄.၂.၂၀၂၄ ရက်နေ့တွင် စားသုံးသူတိုင်ကြားမှုအပေါ်ဖြေရှင်းဆောင်ရွက်ပုံ အဆင့်ဆင့်နှင့် ပတ်သက်၍ အသိပညာပေး(Talk Show) ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

      ဆွေးနွေးပွဲတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက Talk Show အစီအစဉ်ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြီး စားသုံးသူရေးရာဦးစီးဌာနမှ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးက  စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ် လာလျှင် မည်သူတွေက တိုင်ကြားနိုင်မှု၊ တိုင်ကြားမှုအပေါ်စိစစ်ဆောင်ရွက်မှု နည်းလမ်း၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်အကြား စေ့စပ်ညှိနှိုင်းပေးမှု၊ တိုင်ကြားမှုအပေါ် အရေးယူဆောင်ရွက်မှုနှင့် ချမှတ်သည့် အမိန့်အပေါ် အယူခံဝင်နိုင်မှုတို့အား အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)