Main menu

ဓနုဖြူဈေးနှင့် ဈေးတန်းများတွင် ကုန်မျိုးစုံဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဦးစီးမှူး ရုံးမှ ဦးခိုင်လွမ်းမိုးအငယ်တန်းစာရေးသည် ဓနုဖြူမြို့ ရှိ ဈေးများတွင် ရောင်းချနေသော ကုန်မျိုးစုံ၊ မုန်မျိုးစုံ ရောင်းချနေသောဆိုင် (၁၅) ဆိုင်မှ ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာ ပါဝင်ခြင်း ရှိ/မရှိ (၁၄.၂.၂၀၂၄)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူသွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံကစားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း စေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုး အစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြရန် တရားမဝင်ကုန်စည်များအား တင်သွင်း ရောင်းချခြင်းမပြုရန်၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေရေးနှင့် သတ်မှတ်အရည် အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအား လိုက်နာဆောင်ရွက်ရန်တို့အား အသိပညာ ပေးဆွေးနွေးခဲ့ပြီးနောက်  ကုန်မျိုးစုံအရောင်းဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)