Main menu

မိတ္ထီလာမြို့၊ ကွန်ပျူတာ တက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

Powered by Drupal

      ၂၀၂၄ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ ၊ နံနက် (၉:၃၀) နာရီအချိန်တွင် မိတ္ထီလာခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် မိတ္ထီလာမြို့ ကွန်ပျူတာ တက္ကသိုလ်တွင်  “စားသုံးသူကာကွယ်ရေး အကြောင်း သိကောင်းစရာများ” ခေါင်းစဥ်ဖြင့် အသိပညာ ပေးဟောပြော ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမကြီးများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၄၈) ဦး တက်ရောက်ခဲ့ပါသည်။

    အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် မိတ္ထီလာခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းရသည့်ရည်ရွယ်ချက် ၊ စားသုံးသူအခွင့်အရေးနှင့် တာ၀န်များ ၊ လုပ်ငန်းရှင်၏တာ၀န်များ ၊ ကုန်စည်နှင့်ပတ်သက်၍ အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံထားမှုအ‌ပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေး ၊ ၀န်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ၀န်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံထားမှုအ‌ပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် ဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသော ကုန်စည်များနှင့်ပတ်သက်သော သတင်းအချက်အလက် များကိုရိုးရှင်း မှန်ကန်စွာဖော်ပြရန်တာဝန်ရှိကြောင်းလုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သော ကုန်စည်များ ပေါ်တွင် ဥပဒေပါကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ လိုက်နာရမည့် အချက်များ လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်နိုင်မည့် ပြစ်မှုပြစ်ဒဏ်များကိုအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊  စားသုံးသူ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ခဲ့လျှင် စားသုံးသူသတင်း ပြန်ကြားရေး နှင့်တိုင်ကြားမှု  လက်ခံဆောင်ရွက်ရေးစင်တာ (CICC)သို့ လူကိုယ်တိုင်ဖြစ်စေ၊စာဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း ၊ စားသုံးသူရေးရာဦးစီး ဌာန၏ Website ဖြစ်သောwww.doca.gov.mm မှလည်း တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ DOCA Myanmar Applicationအား playstoreတွင် download ရယူ၍ထို Application မှတဆင့်လည်းတိုင်ကြားနိုင်ကြောင်း၊ Hotline Number 1535 မှလည်း တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဟောပြောနွေးပြီး ဟောပြောပွဲကို (၁၀:၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)