Main menu

ကျွန်းလှမြို့”ကုဋေစိုး “ဆန်စက် လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန် သွယ်မှုဖွံဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့ နံနက်(၁၀;၀၀) အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ “ကုဋေစိုး“ဆန်စက် လုပ်ငန်း ရှင် နှင့် သွားရောက် ကွင်းဆင်းတွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်းသိရသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေး၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး နှင့် လုပ်ငန်းလည်ပတ်နေမှုအခြေအနေတို့ကို ဆွေးနွေး ပြောကြား ခဲ့ပါသည်။

     ထို့နောက် စီးပွားရေးလုပ်ငန်းရှင်က မိမိတို့ဆန်စက်တွင် ဧရာမင်း၊ ဆင်းသုခ၊ မနောသုခ၊ မနော်စီစီ ဆန်အမျိုးအစားများ ကြိတ်ခွဲရပြီး ဆန်တစ်တင်း ကြိတ်ခွဲခ(၂၀၀၀)ကျပ် ကောက်ယူပါကြောင်း၊  ယခုအခါတွင် တောင်သူများရဲ့ နဝလီ ကြိတ်ခွဲမှုနှင့် ကန့်ဘလူ၊ ထန်းကုန် ပွဲစားများမှ လာရောက်ကြိတ်ခွဲမှုများသာရှိပြီး မိမိတို့ ကိုယ်ပိုင်ဝယ်ယူကြိတ်ခွဲပြီး ပြန်လည်ရောင်းချနိုင်ခြင်းမရှိကြောင်း၊ နေ့ပိုင်း/ညပိုင်း လျှပ်စစ်မီးလဲမှန် ပြီး စပါးကြိတ်ခွဲသူများရှိလျှင် စပါးတင်း(၁၇၀၀/၀၈၀၀)ခန့်ကြိတ်ခွဲနိုင်ကြောင်းနှင့် ယခင်နှစ်များကဲ့သို့ အလုပ်မဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့ရာ မြို့နယ်တာဝန်ခံမှ လိုအပ်သည်များ ဖြည့်စွက်ပြောကြား ဆွေးနွေးပြီး စားသုံးသူရေးရာဦးစီးဌာန ဥပဒေနှင့် ညွန်ကြားချက်များပါရှိသော အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)