Main menu

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြ ရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၄.၂.၂၀၂၄)ရက် နေ့နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ရွှေဘိုမြို့နယ် တာဝန်ခံ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ရွှေဘိုမြို့ အမှတ်(၄) ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၃)ဆိုင်အား  ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများကဌာနမှဆောင်ရွက် လျက်ရှိသောလုပ်ငန်းများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများ၊ ကျန်းမာရေးအထောက်အကူပြုအသုံးအဆောင်ပစ္စည်းအမျိုးမျိုးနှင့်ပတ်သက်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ လိုက်နာဆောင်ရွက် ရမည့်အချက်များ၊  Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာအမှတ်၊ ၂၁/၂၀၂၀ပါအကြောင်းများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး  ဆေးဈေးနှုန်းနှင့် လက်ကျန်အခြေအနေများ မေးမြန်းဆွေးနွေးခြင်းနှင့် ဆေးသိုလှောင်ထားသည်များကို စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)