Main menu

“ကွမ်းခြံကုန်းမြိုနယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနများပူးပေါင်း၍ လူငယ်ရေးရာကိစ္စရပ်များနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တော်ကူး အ.ထ.က ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရပါသည်။

      အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းဆွေနွယ်ဦးက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်နှင့်စာပေပိုင်းဆိုင်ရာအချက်များစာပေကို အချိန်နှင့်အမျှလေ့လာဖတ်ရှုလျှင် လူငယ်များအနေဖြင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များရရှိလာမည်ဖြစ်သောကြောင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ လုပ်ငန်းရှင်များ၏တာဝန်များ၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်အလက်များနှင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ လုပ်ငန်းရှင်များ၏ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများအပေါ်  အာမခံပေးခြင်းဆိုင်ရာအချက်များကို အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေဝေနိုင်က တိုင်းရင်းဆေးအကြောင်းသိကောင်းစရာများအနက် လူတိုင်း နေ့စဉ်ကျန်းမာရေးနှင့်ပတ်သက်၍ ပြုကျင့်နေထိုင်ရမည့်အလေ့အကျင့်များနှင့် ဆေးဖက်ဝင်အပင်များ၏ အကျိုးသက်ရောက်မှုများကို ဆွေးနွေးဟောပြောခဲ့ပြီး အစားအစာနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးဇော်လွင်ထွန်းက လူငယ်ရေးရာနှင့်ပတ်သက်သော လူငယ်နှင့်အားကစားဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ၎င်းနောက် တော်ကူးကျေးရွာ အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုနိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းနှင့် အဆိုပါလူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့  ကျောင်းသူ/ ကျောင်းသား (၁၂၀)ဦးနှင့် ဆရာ/ဆရာမ (၁၁)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များလည်းဝေငှပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)