Main menu

သိုလှောင်သီးနှံပိုးမွှားကာကွယ်နှိမ်နင်းရေးရက်တိုသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲကျင်းပ

Powered by Drupal

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (CTQM) ၊ လှည်းကူးတွင် သိုလှောင်သီးနှံပိုးမွှားကာကွယ်နှိမ်နင်းရေးရက်တိုသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် (၉:၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက်(MITS)မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်လွင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဌာနခွဲတာဝန်ခံ ဦးဆန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးဦးတင်မိုးအောင်၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ၊CTQM (လှည်းကူး)မှ ဌာနမှူး၊ ဒု-ဌာနမှူးနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

      အစီအစဉ်အရ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်လွင်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ ရိတ်သိမ်းချိန်လွန်ကဏ္ဍတွင် အရေးကြီးသော သိုလှောင်သီးနှံပိုးမွှားများ မိမိတို့ထွက်ကုန်များတွင် ကင်းစင်စေရေး အသိပညာတိုးပွားစေ ရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ လယ်ယာထွက်ကုန်များ စျေးကွက်သို့ တင်ပို့ရောင်းချရာ တွင် ဘေးအန္တရယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မှီစေရေးအတွက် ပိုးမွှားကင်စင်ရေး၊ ပိုးသတ်ဆေးထိန်းချုပ်မှု၊ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုတို့သည် ကုန်သွယ်မှုအောင်မြင် ရေးတွင် မဖြစ်မနေအရေးကြီးပါကြောင်း၊ တင်သွင်းနိုင်ငံများ၏ သွင်းကုန်ကန့်သတ်ချက် များ၊ စံချိန်စံညွှန်းနှင့်ကိုက်ညီမှုရှိရေးသည် မြန်မာနိုင်ငံကဲ့သို့ လယ်ယာတွက်ကုန်များ  တင်ပို့လျက်ရှိသည့် နိုင်ငံများအတွက် ဖြည့်ဆည်းပေးရန် လိုအပ်ပါကြောင်း မိမိတို့ပို့ကုန် များသည် အဆိုပါနည်းပညာဆိုင်ရာ ကန့်သတ်ချက်များနှင့်ကိုက်ညီမှုမရှိပါက ငွေကြေးအရ လည်းကောင်း နာမည်ဂုဏ်သတင်းအရလည်းကောင်း ဆုံးရှုံးနစ်နာသော ဖြစ်စဉ်များ ကြုံတွေ့ရမည်ဖြစ်ပါကြောင်း သို့ဖြစ်ရာ သိုလှောင်သီးနှံများတွင် ကျရောက်တတ်သော ပိုးမွှားများနှင့်ကာကွယ်ပုံ၊  သုံးစွဲသင့်သော ပိုးသတ်ဆေးအမျိုးအစားနှင့် အချိုးအစား၊ ပိုးသတ်ဆေးဥပဒေပါ အကြောင်းအရာများ ကိုစိတ်ဝင်စားစွာ သင်ယူရန်လိုအပ်ပါကြောင်းနှင့် ဝန်ထမ်များအနေဖြင့် စဉ်ဆက်မပြတ် လေ့လာဆည်းပူးကြရန် မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ဌာနခွဲတာဝန်ခံ ဦးဆန်းမြင့်က လယ်ယာထွက်ကုန်များ နိုင်ငံတကာ စျေးကွက်သို့တင်ပို့ရောင်းချရာတွင်  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးက ချမှတ်ထားသော Sanitary And Phytosanitary agreement (SPS) သဘောတူညီချက်အရ ပို့ကုန် အန္တရာယ်ကင်းရှင်းရေး ဖြည့်ဆည်းဆောင်ရွက်ပေးရန် ဥပဒေကြောင်းအရတာဝန်ရှိပါ ကြောင်း၊ တင်သွင်းသောနိုင်ငံများ၏ အရည်အသွေးသတ်မှတ်ချက်များနှင့် ကိုက်ညီရန် လိုအပ်၍ဖြစ်ပါကြောင်း ထိုသို့ကိုက်ညီရန်မှာ စနစ်တကျ သိုလှောင်ရန်လည်း အရေးကြီးပါ ကြောင်း၊ SPS agreement အရ သီးနှံများတွင် ပိုးမွှားကင်းစင်ရမည့်အပြင် ပိုးသတ်ဆေး ဓာတ်ကြွင်းပါဝင်မှုပမာဏကလည်း အရေးပါလာပါကြောင်း၊ လယ်ယာထွက်ကုန်များတွင် ဓာတ်ကြွင်းအနေဖြင့် ပါဝင်နေသောပိုးသတ်ဆေးသည် စားသုံးသူများကိုအန္တရာယ်ဖြစ်စေ၍ ဂျပန်နိုင်ငံ၏ သွင်းကုန် အရည်အသွေးသတ်မှတ်ချက်သည် CODEX စံချိန်စံညွှန်းထက် မြင့်မားသည်ကို တွေ့ရှိရကြောင်း၊  သို့ဖြစ်ရာဤသင်တန်းတွင် သိုလှောင်သီးနှံပိုးမွှားရောဂါ ဖြစ်ပွားမှုထိန်းချုပ်ရေး ဆောင်ရွက်မှုလုပ်ငန်းစဉ်များ၊ ကြွက်ကာကွယ်နှိမ်နင်းရေးနှင့် ပိုးသတ်မှိုင်းတိုက် နည်းလမ်းများ၊ ထိန်းချုပ်ပိုးသတ်ဆေးဥပဒေဆိုင်ရာသိကောင်းစရာများ၊ ပိုးသတ်ဆေးဓာတ်ကြွင်း ပြဿနာများနှင့်တကွ ပိုးသတ်ဆေးအဆိပ်သင့် ရှေးဦးပြုစုနည်း ပညာရပ်များကိုပါစုံစုံလင်လင် သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊ သင်ကြားပေးမည့် ပညာရှင်များကလည်း သက်ဆိုင်ရာပညာရပ်များအပြင် ၎င်းတို့၏ အတွေ့အကြုံများကိုပါ လက်ဆင့်ကမ်းမျှဝေပေးမည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ကြိုးစား သင်ယူကြရန် တိုက်တွန်းပါကြောင်း သင်တန်းမှ သင်ယူရရှိချက် မှတ်စု (Assignment) ရေးသားတင်ပြရမည်ဖြစ်ကြောင်း၊ အဆိုပါရေးသားတင်ပြမှုပေါ် အကဲဖြတ်ဆုချီးမြှင့်မည် ဖြစ်ကြောင်း၊ သင်တန်းမှရရှိလာမည့် အတွေ့အကြုံကောင်းများကို မိမိတို့သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် အကျိုးရှိစွာ ပြန်လည်အသုံးချ၍ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းရည်မှန်းချက်များကို အောင်မြင်ရေးအတွက် ကြိုးစားဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

          ဤရက်တိုသင်တန်းကိုဖွင့်လှစ်ခဲ့ခြင်းမှာ သိုလှောင်ရုံများတွင် သိုလှောင်ထားသော လယ်ယာထွက်ကုန်သီးနှံများ၏ သိုလှောင်စဉ် ကျရောက်တတ်သော ပိုးမွှားများအကြောင်း သိရှိရန်နှင့် ယင်းတို့ကို စနစ်တကျ ကာကွယ်နှိမ်နင်းနိုင်ရေး၊ သိုလှောင်သီးနှံအရည်အသွေး ထိန်းသိမ်းနိုင်ရေး၊ပိုးသတ်ဆေး ဥပဒေ၊ ပိုးသတ်မှိုင်းတိုက်ခြင်းနှင့် ပိုးသတ်ဆေးဓာတ်ကြွင်း လျော့ချရန် နည်းလမ်းများ  သိရှိနိုင်စေရေး ကျင်းပရခြင်းဖြစ်ပါသည်။ သင်တန်းသို့ တိုင်း ဒေသကြီးနှင့် ပြည်နယ်များရှိ စားသုံးသူရေးရာဦးစီးဌာနများက သင်တန်းသား/ သင်တန်းသူ ၁၄ ဦး၊ MITS က သင်တန်းသား ၄ ဦးနှင့်  CTQM ဌာနစုက သင်တန်းသား/ သင်တန်းသူ ၇ ဦး အပါအဝင် စုစုပေါင်းသင်တန်းသား ၂၅ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလသည် (၁၅-၂-၂၀၂၄ မှ ၁၆-၂-၂၀၂၄ အထိ) ၂ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရပါသည်။