Main menu

ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာန၏ ပင်မလုပ်ငန်းဖြစ်သော စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်း၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်နေရုံသာမက ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဒေသတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်း ရှင်များအား ကွင်းဆင်းတွေ့ဆုံပြီး လုပ်ငန်းရှင်များ၏ ထုတ်လုပ်မှု၊ အခက်အခဲများအား ရင်းနှီး ပွင့်လင်းစွာ မေးမြန်းကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

     (၈.၂.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင် ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ်တာဝန်ခံ)နှင့် ဝန်ထမ်းများသည် မကွေးမြို့၊ အောင်စေတနာ(B)(၉)လမ်းမှ ထုတ်လုပ်သော “KM ကောင်းမြတ်” ပေါင်မုန့်နှင့် မုန့်မျိုးစုံလုပ်ငန်းရှင် ဦးမျိုးဇော်နှင့် တွေ့ဆုံပြီး လုပ်ငန်းအခြေအနေများအား မေးမြန်းခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် “KM ကောင်းမြတ်” အမှတ်တံဆိပ်ဖြင့် ကြက်သားပေါင်မုန့်၊ ပဲလမုန့်၊ ပဲဒါးလှီး၊ နှမ်းကပ်ကွပ်ကီး နှင့် ထောပတ်မုန့်ကြွပ်တို့ ထုတ်လုပ်ကြောင်းနှင့် လုပ်ငန်းအား (၉/၂၀၂၃)လမှ စတင် လုပ်ကိုင်ခဲ့ပြီး လုပ်သား(၇)ဦးရှိကာ စရိတ်ငြိမ်းလုပ်သားတစ်ဦး တစ်လလျှင် ကျပ်(၈၀၀၀၀)ပေးချေရကြောင်း၊ ထွက်ရှိလာသော မုန့်များအား လက်ရှိတွင် မကွေးမြို့နယ်နှင့် မင်းဘူးမြို့များသို့ ဖြန့်ချိကြောင်း သိရှိရပြီး ဌာနမှ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးလာစေရေးနှင့် စည်ပင်လုပ်ငန်းလိုင်စင်နှင့် အသေးစားလိုင်စင်များရရှိရေး ချိတ်ဆက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)