Main menu

မကွေးမြို့၊ ရန်ပယ်စျေး၌ Mobile Lab ဖြင့် စစ်ဆေးခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင် ဦးစီးမှူးဦးမျိုးဝင်းနှင့် ဝန်ထမ်းများသည် (၉.၂.၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီမှ (၁၀:၀၀) နာရီအထိ မကွေးမြို့၊ ရန်ပယ်စျေး၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စျေးတာဝန်ခံ (စည်ပင်သာယာရေးအဖွဲ့)တို့နှင့်ပူးပေါင်းပြီး စျေးကွက်အတွင်းရှိ ကုန်စည်များအား နမူနာဝယ်ယူ၍ Mobile Lab ဖြင့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

    နမူနာဝယ်ယူစစ်ဆေးခဲ့သော (ဆီးဖြူသီးမှုန့်၊ ချင်းပေါက်၊ သရက်ချဉ်၊ ငါးပိ၊ ငါးခြောက်၊ ကွမ်းသီးစိပ်၊ ကွမ်းရွက်၊ ထန်းလျက်၊ အချိုရည်၊ အသားတု၊ L ပဲပြားနှင့် ပိန္နဲသီးစိပ်)တို့အနက် ဆီးဖြူသီးမှုန့်နှင့် ချင်းပေါက်တို့တွင် ခွင့်မပြုတာရှည်ခံဆေးများ သုံးစွဲထားကြောင်း စစ်ဆေးတွေ့ ရှိရသဖြင့် ရောင်းချသူများအား စီမံခန့်ခွဲရေးနည်းလမ်းအရ ၎င်းကုန်စည်များအား ဆက်လက် ရောင်းချ ခြင်းမပြုရန် ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး ဆီးဖြူသီးမှုန့် (၄)ပြည်တန်ဖိုးငွေ ကျပ်(၈၈၀၀)နှင့် ချင်း‌ပေါက်(၂) ပိဿာ တန်ဖိုးငွေ ကျပ်(၂၀၀၀၀)ခန့်တို့အား အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် စျေးတာဝန်ခံ၏ ရုံးခန့်ရှေ့တွင် ဖျက်ဆီးခဲ့ကြောင်းနှင့် စျေးကွက်အတွင်းရှိ အခြားကုန်စည်များအားလည်း ကုန်အညွှန်းအမှတ်အသား များပြည့်စုံမှန်ကန်စွာ ပါဝင်မှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)