Main menu

မကွေးမြို့၊ သန်းတောကုန်းနှင့်မြို့မကျောင်း၌ အသိပညာပေးဆွေးနွေးပွဲကျင်းပ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ၊ ကျေးလတ်နှင့် မြို့ပြနေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူအခွင့်အရေးများ၊ လိုက်နာရမည့် တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များအား သိရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များအားသိရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်နှင့် ကုန်စည်များအား ရွေးချယ်ဝယ်ယူ စားသုံးအသုံးပြုနိုင်စေရန်အသိပညာပေး ဆွေးနွေးပွဲများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှဒုတိယခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေး မြို့နယ်တာဝန်ခံ)နှင့်ဝန်ထမ်းများသည် (၈.၂.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှ (၁၁:၃၀)နာရီအချိန်ထိ မကွေးမြို့၊ အခြေခံပညာမူလတန်းကျောင်း(သန်းတောကုန်း)နှင့် (၁၄:၀၀)နာရီမှ (၁၅:၁၅) နာရီအချိန်ထိ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မြို့မ ကျောင်း၌ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အခြေခံကျောင်းသား၊ ကျောင်းသူများ သိသင့်သော စားသုံးသူ/စီးပွားရေး လုပ်ငန်းရှင်/ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ/ စားသုံးသူများ၏ အခွင့်အရေး(၈) ချက်၊ လိုက်နာရမည့်တာဝန်(၄)ချက်တို့အား ရှင်းလင်း ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     အဆိုပါ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲသို့ အခြေခံပညာမူလတန်းကျောင်း (သန်းတောကုန်း)ကျောင်း၌ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦးနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မြို့မကျောင်း၌ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ (၂၇၁)ဦးတို့ တက်ရောက်ခဲ့ပြီး ဌာနမှ ထုတ်ဝေသော အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)